နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ရန်ကုန်တိုင်းဒေသကြီး ၊ ဗိုလ်တထောင်မြိုနယ် ၊ အမှတ် ( ၆ ) ရပ်ကွက် ပီတိမြင့်မိုရ်လူမှုအားပေးကူညီမှုမိသားစု မှ ကြီးမှူးကျင်းပသော ၄၄ လမ်း ( အောက်လမ်း ) လမ်းသူ လမ်းသား များ၏ ဒုတိယအကြိမ် ဗုဒ္ဓ၀ိဟာရဓမ္မာရုံ ဗုဒ္ဓပူဇနိယပွဲတော် ဓမ္မဒါနဓမ္မပူဇာသဘင် ကို ၁၃၇၉ ခုနှစ် ၊ နတ်တော်လပြည့်ကျော် ( ၅ ) ရက် ၊ ၈ - ၁၂ - ၂၀၁၇ ( သောကြာနေ့ ) ၁၃၇၉ ခုနှစ် ၊ နတ်တော်လပြည့်ကျော် ( ၆ ) ရက် ၊ ၉ - ၁၂ - ၂၀၁၇ ( စနေနေ့ ) ၁၃၇၉ ခုနှစ် ၊ နတ်တော်လပြည့်ကျော် ( ၇ ) ရက် ၊ ၁၀ - ၁၂ -၂၀၁၇ ( တနင်္ဂနေနေ့ ) ဒီဇင်ဘာလ ( ၈ ) ရက် မှ ဒီဇင်ဘာလ ( ၁၀ ) ရက်အထိ ( ၃ ) ည တိုင်တိုင်ကျင်းပမည်။ အမြတ်ဆုံးသော တရားအလှူကိုပေးလှူမည် ဖြစ်ပါသောကြောင့် တရားနာကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားနိုးဆော်အပ်ပါသည်။

Friday, January 22, 2016

၄၄ လမ်း လမ်းသူ လမ်းသား များ၏ ဓမ္မပူဇာသဘင် ဖြစ်မြောက်ရေးအစည်းအဝေး

ရန်ကုန်တိုင်းဒေသကြီး ၊ ဗိုလ်တထောင်မြို့နယ် ၊ အမှတ် ( ၆ ) ရပ်ကွက် ၊ ၄၄ လမ်း အောက်လမ်း 
လမ်းသူ လမ်းသားများ၏ ထက်သန်သော စေတနာ ၊ အားကောင်းသော သဒ္ဓါတရား တို့နှင့် ညီညွတ်စည်းလုံးစွာ
 ပေါင်းစုကုသိုလ်ပြု အဖွဲ့အဖြစ် ပီတိမြင့်မိုရ် လူမှုအားပေးကူညီမှု မိသားစု ကို 
၂၀၁၄ ခုနှစ် ၊ ဇန်န၀ါရီလ ( ၁ ) ရက်နေ့ မှ စတင်၍ စုစည်းခဲ့ရာ 
သက်တမ်းအားဖြင့် ( ၂) ကျော်ခဲ့ပြီးဖြစ်ပါသည်။
 ကျွေးမွေး ၊ ပေးကမ်း ၊ လှူဒါန်းမှု တို့ကို အားမရကြသော 
လမ်းသူ / လမ်းသားများမှ အလှူဒါနတွင် တရားဓမ္မအလှူသည်
 အောင်လံထူမြတ်ဒါနဖြစ်သည့်အတွက် ပီတိမြင့်မိုရ်လူမှုအားပေးကူညီမှု မိသားစု မှ ကြီးမှူး၍ ဓမ္မပူဇာသဘင် တရားအလှူတော်ပွဲ ကျင်းပလိုကြောင်းတင်ပြကြပါသည်။
 သို့အတွက် ဓမ္မပူဇာသဘင် ကျင်းပနိုင်ရန် အကြံပြုခြင်း ၊
ဆွေးနွေးတိုင်ပင် ညှိနှိုင်းခြင်း များကို
၁၃၇၇ ခုနှစ် ၊ ပြာသိုလဆန်း ( ၁၃ ) ရက် 
၂၂ - ၁ - ၂၀၁၆ ( သောကြာနေ့ ) ညချမ်း ( ၇း ၀၀ ) နာ၇ီ အချိန်တွင် 
ဗုဒ္ဓဝိဟာရဓမ္မာရုံ  ၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေး ကို ညချမ်း ( ၇း ၁၅ ) နာရီ အချိန်တွင် 
နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ( ၃ ) ကြိမ်၇ွတ်ဆို၍
စတင်ခဲ့ပါသည်။
ပီတိမြင့်မိုရ်လူမှုအားပေးကူညီမှု မိသားစု ဦးမောင်မောင်အေး ( ခ ) ဦးဝမ်း ( နာယက ) မှ
အဖွင့်အမှာစကားပြောကြားပါသည်။
ထို့နောက် ၄၄ လမ်း လမ်းသူ လမ်းသား များထံ မှ အကြံဥာဏ်များတောင်းခံခဲ့ပြီး
တရားပွဲကျင်းပရေး ဦးဆောင်ကော်မတီ ကို လည်း ဖွဲ့စည်းခဲ့ပါသည်။
တရားပွဲမတည်ငွေကိုလည်း တစ်လတစ်ခါ ကောက်ခံရန်သဘောတူညီခဲ့ကြပြီး
ဓမ္မပူဇာသဘင် ကို လည်း ဇန်န၀ါရီလ ၏ နောက်ဆုံးပါတ် တွင်
ကျင်းပနိုင်ရေး အတွက်သဘောတူညီခဲ့ကြပါသည်။
ထိုနောက် ဓမ္မပူဇာသဘင် အောင်မြင်စွာ ကျင်းပနိုင်ရေး အစည်းအဝေး ကို
ညချမ်း (  ၈း ၁၅ ) နာရီ အချိန်တွင်
 ဗုဒ္ဓသာသနာ စိရံတိဋ္ဌတု ( ၃ ) ကြိမ် ရွတ်ဆို၍
အခမ်းအနားအစီအစဉ် ကို အောင်မြင်စွာ ကျင်းပခဲ့ပါကြောင်း
တင်ပြအပ်ပါသည်။

ပီတိမြင့်မိုရ်လူမှုအားပေးကူညီမှု မိသားစု ဦးမောင်မောင်အေး ( ခ ) ဦးဝမ်း ( နာယက ) မှ
အဖွင့်အမှာစကားပြောကြားပါသည်။
 အခမ်းအနားအစီအစဉ်
ပီတိမြင့်မိုရ်လူမှုအားပေးကူညီမှု မိသားစု ( ဘဏ္ဍာရေးမှူး - ဦးကျော် )
 အစည်းအဝေးတက်ရောက်သူများ
  အစည်းအဝေးတက်ရောက်သူများ
မှတ်တမ်းပြုစုသူ
ပီတိမြင့်မိုရ်လူမှုအားပေးကူညီမှု မိသားစု ( အလုပ်အမှုဆောင် -  ဦးဖိုးကျော် )
 ဓမ္မပူဇာသဘင် ဖြစ်မြောက်ရေး အတွင်းရေးမှူုး
ဦးမျိုးဇော်
ပေါင်းစုကုသိုလ်ပြု အဖွဲ့အဖြစ် ပီတိမြင့်မိုရ် လူမှုအားပေးကူညီမှု မိသားစု ကို ၂၀၁၄ ခုနှစ် ၊ ဇန်န၀ါရီလ ( ၁ ) ရက်နေ့ မှ စတင်၍ စုစည်းခဲ့ရာ သက်တမ်းအားဖြင့် ( ၂ ) ကျော်ခဲ့ပြီးဖြစ်ပါသည်။ Copy the BEST Traders and Make Money : http://ow.ly/KNICZ

Copy the BEST Traders and Make Money : http://ow.ly/KNICZ