မြတ်စေတနာ လူမှုကူညီရေးအသင်း: ခေါင်းဆောင်ကောင်း( Good Leadership)နှင့် စီမံခန့်ခ...: ခေါင်းဆောင်မှု (Leadership) နှင့် စီမံခန့်ခွဲမှု (Management) ပညာတို့သည် နယ်ပယ်အသီးသီးတို့၌ အစဉ်အမြဲ ဒွန်တွဲလျှက် ရှိကြ၏။ ခေါင်းေ...
Wednesday, July 6, 2016
သာသနာ့အလံတော်
သာသနာ့အလံတော်
<<<<< သာသနအလံတီထွင်သူ နှင့် >>>>>
{ သာသနာ့အလံအကြောင်း သိမှတ်ဖွယ်ရာများ }
******************************
{ သာသနာ့အလံအကြောင်း သိမှတ်ဖွယ်ရာများ }
******************************
သာသနာ့အလံ တီထွင်သူ အမှန်
(၁၈၈၅) ခုနှစ်၊ ဧပြီလ(၂၈)ရက်တွင် (သီဟိုဠ်ကျွန်း) သီရိလင်္ကာနိုင်ငံတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ကို ခမ်းနားကြီးကျယ်စွာ ကျင်းပရန် အထူးအစီအစဉ်ရှိ နေသည့် အတွက်
ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲတော်ကြီးနှင့် အခြား ဘာသာရေးပွဲတော်များတွင်ပါ သာသနာ့အလံတော်ကို အမှတ်တရ အဖြစ်လွှင့်ထူရန် စဉ်းစားခဲ့ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်သော ကိုလံဘို မြို့သူမြို့သားတို့သည် မိရိုးဖလာ ကိုးကွယ်မှုအထိမ်း
အမှတ်အဖြစ် ဗုဒ္ဓအလံတော် တစ်ခုကို တီထွင်ပြုလုပ်ရန်အတွက် ကြိုးပမ်းခဲ့ကြ၏။

ထိုအလံတော်ကို (၁၈၈၅)
ခုနှစ်တွင်ပြုလုပ်ခဲ့သော်လည်း ဗုဒ္ဓအလံတော်ကို ကမ္ဘာအရပ်ရပ်က အသိအမှတ်
ပြုလာကြသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှသာ ရှိပေသေးသည်။
ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်အဖြစ် (၁၉၅၁) ခုနှစ်သို့ ရောက်သောအခါမှသာ ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ လက်ခံလာခြင်းဖြစ်သည်။
တီထွင်သူ အစစ်
(သာသနာ့အလံကို ကနဦး တီထွင်သောသူသည် စီ ပီ ဂုဏ၀ဍ္ဎန ခေါ် ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) ဖြစ်သည်။)
စီပီဂုဏ၀ဍ္ဎန(C.P. Gune Wardene)
စီပီဂုဏ၀ဍ္ဎန သည် ၁၈၅၄-ခုနှစ်၊
ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ဖွားမြင်သူဖြစ်သည်။ ထိုအချိန်ကာလက သီဟိုဠ်တွင်
ခရစ်ယာန်သာသနာ လွှမ်းမိုးနေချိန်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ
ပြန်လည်ထွန်းကားရေး နှင့် ဗုဒ္ဓဘာသာဝင်တို့ ဆုံးရှုံးနေသော အခွင့်အရေးများ
ပြန်ရရေးအတွက် “ဗုဒ္ဓသာသနာ ကာကွယ်ရေး ကော်မတီ” ကို ၁၈၈၄-ခုနှစ် ဇန်န၀ါရီ(၂၇)ရက်နေ့ တွင် ထူထောင်ခဲ့သည်။ ထိုအသင်းတွင် ဟင်နရီစတီး
အိုးကော့ က စီပီဂုဏ၀ဍ္ဎန ကို အကျိုးတော်ဆောင် အဖြစ် ခန့်အပ်သည်။ စီပီဂုဏ၀ဍ္ဎန သည် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားရေးအတွက် နှစ်ပေါင်း (၄၀)ခန့်အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့လေသည်။
အိုးကော့ က စီပီဂုဏ၀ဍ္ဎန ကို အကျိုးတော်ဆောင် အဖြစ် ခန့်အပ်သည်။ စီပီဂုဏ၀ဍ္ဎန သည် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားရေးအတွက် နှစ်ပေါင်း (၄၀)ခန့်အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့လေသည်။
စီပီဂုဏ၀ဍ္ဎန
က “ခရစ်ယာန်ဘာသာဝင်များ အတွက် ကြက်ခြေနီ အထိမ်းအမှတ် ရှိသကဲ့သို့
ကမ္ဘာ့ဗုဒ္ဓ သာသနာဝင် အားလုံး အသုံးပြုနိုင်ရန် အလံတော်ကို ဗုဒ္ဓနှင့်
သက်ဆိုင်သည့် ရောင်ခြည်တော် ခြောက်ပါး ပါသော အရောင်တို့ကို အသုံးပြုရန်”
အကြံပေး တင်ပြခဲ့သည်။ ၎င်း အကြံပေး တင်ပြသော ဗုဒ္ဓသာသနာ့ အလံကို ၁၈၈၅-ခုနှစ်
ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ တင်ရန် ကော်မတီဝင် အားလုံးက လက်ခံခဲ့ကြသည်။
၎င်းအလံပုံစံကို သရသ၀ိ သန္ဒရေသ ( Sarasavi Sandaresa ) စာစောင်တွင်
အချပ်ပိုထည့်၍ ၁၈၈၅-ခုနှစ်၊
ဧပြီလ(၁၇)ရက် တွင် ဖော်ပြခဲ့သည်။ သို့သော် ထိုစဉ်က အလံပုံစံ တီထွင်သူ၏
အမည်ကို မဖော်ပြခဲ့ချေ။ သို့သော် စီပီဂုဏ၀ဍ္ဎန ကွယ်လွန်ပြီးနောက်
နှစ်နှစ်အကြာ ၁၉၂၈-ခုနှစ်၊
မေလ(၁)ရက်နေ့ထုတ် သုဒနမိန စာစောင်နှင့် ကိုလံဘို ဗုဒ္ဓသာသနာ သီအိုဆိုဖီ
အသင်း ရာပြည့်စာစောင်တွင် ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ စီပီဂုဏ၀ဍ္ဎန
ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံ နှင့် သာသနာ့အလံ
သာသနာ့အလံတော်ကို သီဟိုဠ် ဂိုဏ်းချုပ် ဆရာတော် အရှင်သီရိ သုမင်္ဂလာထေရ် သည် ၁၉၅၀ ပြည့်နှစ်တွင် သီဟိုဠ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အဖွဲ့ကြီး၏ ဥက္ကဌ ဒေါက်တာဂျီပီမာလာ
ဆေထေရ် ၏ ဆန္ဒအရ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အစည်းအဝေးကြီးကို ဖိတ်ခေါ်၍ အစည်းအဝေးပြုလုပ် ခဲ့သည်။ မြန်မာနိုင်ငံတွင် (၁၉၅၆) ခုနှစ် ဆဌသင်္ဂါယနာ တင်သည့်နေ့မှစ၍ အထက်ပါ ကမ္ဘာ့ ဗုဒ္ဓသာသနာ့အလံတော် ကို သာသနာ့အလံတော်ကြီး အဖြစ် အောင်မြင်စွာ
အတည်ပြုလွှင့်ထူနိုင်ခဲ့လေသည်။ ၁၉၈၀ပြည့်နှစ်တွင် ကျင်းပသည့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးမှလည်း ဗုဒ္ဓသာသနာ့ အလံတော်နှင့် ပတ်သက်၍ အညီအညွတ်ဆုံးဖြတ်ပြီး သံဃနာယက လက်စွဲကျမ်းတွင် ပြဋ္ဌာန်း ခဲ့သည်။

အလံတော် အဓိပ္ပါယ်
သာသနာ့အလံတော်ကြီးသည်
ငြိမ်းချမ်းသာယာခြင်း၊ သည်းခံခြင်း၊ စိတ်ထားဖြူစင်ခြင်းတို့၏ အထိမ်းအမှတ်
အဖြစ် သရုပ်ဖော်ထားပြီး ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားရှင်အားအထူးကြည်ညိုကြသဖြင့် ဘုရားရှင်၏ ရောင်ခြည်တော် ခြောက်သွယ်
ကွန့်မြူးကာ တရားတော်များ ဟောကြားနေတော်မူခဲ့သည်ကို ရည်ညွန်းကြခြင်းဖြစ်၏။
ထို့ကြောင့် ရောင်ခြည်တော် ခြောက်သွယ် အရောင်ကို အသုံးပြုရန်
ဆုံးဖြတ်ခဲ့ခြင်း
ဖြစ်ပါသည်။
ဖြစ်ပါသည်။
အရွယ်အစား/အရောင်
• အကြီး = အလျား - ၉ပေ x အနံ - ၅ပေ
• အလတ် = အလျား - ၄ပေ ၆လက်မ x အနံ - ၂ပေ ၆လက်မ
• အလတ် = အလျား - ၂ပေ ၃လက်မ x အနံ - ၁ပေ ၃လက်မ
• အသေး = အလျား - ၉လက်မ x အနံ - ၅လက်မ ဟူ၍ လေးမျိုး သတ်မှတ်ထားသည်။
• အကြီး = အလျား - ၉ပေ x အနံ - ၅ပေ
• အလတ် = အလျား - ၄ပေ ၆လက်မ x အနံ - ၂ပေ ၆လက်မ
• အလတ် = အလျား - ၂ပေ ၃လက်မ x အနံ - ၁ပေ ၃လက်မ
• အသေး = အလျား - ၉လက်မ x အနံ - ၅လက်မ ဟူ၍ လေးမျိုး သတ်မှတ်ထားသည်။
ရောင်ခြည်တော် ခြောက်သွယ် သတ်မှတ်ပြဋ္ဌာန်း ထားသည့်အတိုင်း အလံတော်တိုင်ဘက်မှ စတင်၍ သတ်မှတ်ရသည်ရှိသော်
1. နီလ = အပြာရင့်ရောင်
2. ပီတ = အ၀ါရင့်ရောင်
3. လောဟိတ = အနီရောင်
4. သြဒါတ = အဖြူရောင်
5. မဉ္ဇီဋ္ဌ = ပန်းနုရောင် ထိုအရောင်(၅)မျိုးကို ဒေါင်လိုက်ထားရှိပြီးလျှင်-
6. ပဘဿရ = ပြိုးပြိုးပြက်ပြက် တစ်ခဲနက် ထွက်နေသော အရောင် အဖြစ် အလံတော်၏ အစွန်အဖျား(အထက်)အပေါ်ဘက်မှ နေ၍ အပြာ၊ အ၀ါ၊ အနီ၊ အဖြူ၊ ပန်းနုရောင် တို့ကိုပင် အစဉ်အတိုင်း အောက်ဖက်သို့ ထားရှိချုပ်လုပ်ရမည်။

အသုံးပြုပုံ
မြန်မာနိုင်ငံရှိ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့သည် အလံတော်ကို သံဃနာယက လက်စွဲ၊ အပိုဒ်(၅)၊ အခန်း(၂၉) ၌ သာသနာ့အလံတော် အခန်း အပိုဒ်(၃၅၅)၌ အသုံးပြုရမည့်နေ့ရက်များ သတ်မှတ်ထားသည်မှာ-
မြန်မာနိုင်ငံရှိ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့သည် အလံတော်ကို သံဃနာယက လက်စွဲ၊ အပိုဒ်(၅)၊ အခန်း(၂၉) ၌ သာသနာ့အလံတော် အခန်း အပိုဒ်(၃၅၅)၌ အသုံးပြုရမည့်နေ့ရက်များ သတ်မှတ်ထားသည်မှာ-
(က)အခါကြီး ရက်ကြီးများ
1. ကဆုန်လပြည့် (ဗုဒ္ဓနေ့)
2. နယုန်လပြည့် (မဟာသမယနေ့)
3. ၀ါဆိုလပြည့် (ဓမ္မစကြာနေ့)
4. ၀ါခေါင်လပြည့် (မေတ္တာ အခါတော်နေ့)
5. တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့)
6. သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)
7. တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့ )
8. တပို့တွဲလပြည့် (သြ၀ါဒ ပါတိမောက် အခါတော်နေ့)

(ခ)ပွဲတော်နှင့် အခမ်းအနားများ
1. ၀ါဆိုပွဲတော် အခမ်းအနား
2. အဘိဓမ္မာအခါတော်နေ့
3. ကထိန်ပွဲတော်
4. ရဟန်းခံရှင်ပြုပွဲ
5. ဆွမ်းကြီးလောင်းလှူပွဲ
6. စာပြန်ပွဲ နှင့် ဘွဲ့နှင်းသဘင်
7. နိကာယစာမေးပွဲ၊ တိပိဋကစာမေးပွဲနှင့် ပူဇော်ပွဲ
8. ခွင့်ပြုချက်ရရှိပြီးသည့် တရားပွဲများ
9. ဘုရားထီးတင်ပွဲ
10. ဗုဒ္ဓပူဇနိယပွဲတော်
11. အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ
12. သံဃာ့အစည်းအဝေး
13. သံဃ၀ိနိစ္ဆယအဖွဲ့ စစ်ဆေး ဆုံးဖြတ်ရာဌာန
14. ဘာသာရေး၊ သာသနာရေးနှင့် စပ်ဆိုင်သော သင်တန်းများတို့ တွင် အသုံးပြုနိုင်သည်။

(ဂ)လွှင့်ထူ
အသုံးပြုနည်း၊ အပိုဒ်(၃၅၈) အထိမ်းအမှတ်အလံအားလုံး၏ အလယ်တွင် ဖြစ်စေရမည်။
လက်ယာအစွန်းမှ အရောင်ငါးမျိုး ရောယှက်ရောင်တွင် အပြာရင့်ရောင်သည်
အပေါ်တွင်လက်ျာဘက်ရှိနေစေရမည်။ မော်တော်ယာဉ်တွင် စိုက်ထူပါက ကားကြီးများ၏
အမိုးအရှေ့ပိုင်းတွင် ဖြစ်ရမည်။ ကားငယ်များတွင် လက်ယာဘက် အရှေ့ပိုင်းတွင်
ဖြစ်ရမည်။ သံဃာများကို ကြိုဆိုသည့်အခါ သံဃာပါလာသည့်အခါတွင်သာ တပ်ဆင်ရမည်ဟူ၍
ဖော်ပြ ထားသကဲ့သို့၊
(ဃ)ရှောင်ကြဉ်ရမည့်အချက်များ၊ အပိုဒ်(၃၉၅)
1. ရဟန်းသံဃာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်ဘုရားဖူးယာဉ်တွင်မှ မသုံးစွဲရ။
2. လမ်းဘေး၊ လမ်းခွ၊ ယာဉ်ဆိပ်၊ သင်္ဘောဆိပ်များတွင် မသုံးရ။
ဟူ၍ ယခုတိုင်သက်မှက်သက်မှက်ထားခဲ့ပါသည် ။
1. ရဟန်းသံဃာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်ဘုရားဖူးယာဉ်တွင်မှ မသုံးစွဲရ။
2. လမ်းဘေး၊ လမ်းခွ၊ ယာဉ်ဆိပ်၊ သင်္ဘောဆိပ်များတွင် မသုံးရ။
ဟူ၍ ယခုတိုင်သက်မှက်သက်မှက်ထားခဲ့ပါသည် ။
တရားနာရခြင်း အကျိုး ၅-ပါး
ပဉ္စင်္ဂုတ္တရ။ ပါ။ ၂၁၆။
ဗုဒ္ဓဘုရားရှင်၏ တရားတော်များကို ရိုသေစွာ ကြားနာရသူတိုင်း ရရှိနိုင်သောအကျိုးများ။
(၁) မကြားဖူးသေးသည့် တရားသစ်ဆန်းတို့ကို ကြားနာရခြင်း၊
(၂) ကြားသိပြီးသားတို့ကို တဖန် ထပ်မံ ခိုင်မြဲသန့်ရှင်းစေခြင်း၊
(၃) အယူ အမြင် အတွေးအခေါ် ဝေဖန်မှု ဥာဏ်ဖြောင့်မှန်ခြင်း၊
(၄) နှစ်လုံး နှစ်ခွ ယုံမှားသံသယကို ပယ်ဖျောက်နိုင်ခြင်း၊
(၅) စိတ်နှလုံး ချမ်းမြကြည်လင် ရွှင်ပြခြင်းတို့ ဖြစ်ပါသည်။
တရားနာရခြင်း၏ အကျိုးကျေးဇူးများ
သင့်လျော်သောအခါ၌
တရားနာခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။
တနည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်းတရပ် ဖြစ်သည်။
အောက်ပါဇာတ်တော်ကို သာဓကအဖြစ် တင်ပြပါသည်။
တရံရောအခါ ဗုဒ္ဓဘုရားရှင်သည် စမ္ပာပြည်ရှိ ဂဂ္ဂရာရေကန်အနီးဝယ် သီတင်းသုံးလျက်
ရှင်လူအများအား တရားဟောတော်မူသည်။
ထိုစဉ် ကန်အတွင်း၌နေသော ဖားငယ်တကောင်သည် ရေကန်ထဲမှ ထွက်လာသည်။ ပရိသတ်အစွန်
တနေရာ၌ ၀ပ်လျက်-သည်အသံသည် တရားတော်၏ အသံပင်ဖြစ်၏-ဟူ၍ အာရုံပြုကာ
နာယူလျက်ရှိသည်။
ထိုအခိုက် နွားကျောင်းသားတယောက်သည်လည်း ထိုနေရာသို့ ရောက်လာသည်။ ၀င်ရောက်
တရားနာယူသည်။ တရားနာရာ၌ သူသည် နွားမောင်းသည့် နှင်တံတုတ်ကို ထောက်လျက်
နာယူသည်။ ထိုအခါ သူ၏ နှင်တံတုတ်သည် ဖားငယ်၏ ဦးခေါင်းပေါ်သို့ မတော်တဆ
ထောက်မိသွားသည်။ ဖားငယ်သည် ထိခိုက်ဒဏ်ရာရကာ ထိုနေရာမှာပင်
သေဆုံးသွားရှာသည်။
ဖားငယ်သည် တရားတော်၏ အနက်အဓိပ္ပါယ်ကို မသိ။ သို့ရာတွင် တရားတော်ကို
အာရုံပြုလျက် ကြည်သာရွှင်လန်းသောစိတ်အစဉ်ရှိနေစဉ် သေဆုံးသွားသဖြင့်
တာဝတိံသာနတ်ပြည်ဝယ် နတ်သားသွားဖြစ်သည်။ ရွှေဗိမာန်၌ နတ်သမီး
အခြံအရံပေါင်းများစွာဖြင့် စံစားရသည်။ မဏ္ဍူကဒေ၀ပုတ္တ (ဖားနတ်သား) ဟူ၍
အမည်တွင်သည်။
ထိုဖားနတ်သားသည် အတိတ်ဘ၀က ဖားသူငယ်ဖြစ်ခဲ့ပုံနှင့် ဘုရားရှင်၏တရားတော်ကို
နာခဲ့ရသဖြင့် ယခုကဲ့သို့ နတ်သားဖြစ်လာခဲ့ရပုံကို ဆင်ခြင်မိသည်။ သို့ဖြင့်
သူသည် အခြံအရံများနှင့်တကွ လူ့ပြည်သို့ ဆင်းလာသည်။ တရားဟောနေသော
ဘုရားရှင်ကို သွားရောက်ဖူးမြော်သည်။ ဘုရားရှင်သည် ဖားနတ်သား၏ဖြစ်ကြောင်း
ကုန်စင်ကို တန်ခိုးတော်ဖြင့် သိတော်မူပြီးဖြစ်သည်။ သို့ရာတွင်
တရားနာပရိတ်သတ်များ ထင်ရှားစွာသိစေလို သဖြင့် ဖားနတ်သားကို အကျိုးအကြောင်း
မေးမြန်းသည်။ ဖားနတ်သားကလည်း ဖြစ်ပျက်ပုံအလုံးစုံကို လျှောက်ထားသည်။
ထိုအခါ ဘုရားရှင်သည် တရားနာခြင်း၏ အကျိုးကို ရှင်းလင်းဟောပြောတော်မူသည်။
နိဗ္ဗာန်ရောက်ကြောင်း တရားကိုလည်း ဆက်လက်ဟောပြောတော်မူသည်။ တရားအဆုံးတွင်
ဖားနတ်သားသည် သောတာပန်တည် သွားသည်။ တရားနာပရိသတ်တို့လည်း
ထူးမြတ်သောအကျိုးကျေးဇူးကို ခံစားရရှိလေသည်။
(အကိုး။ ။ မဏ္ဍူကဒေ၀ပုတ္တ၊ ဖားနတ်သားဝတ္ထု၊ ၀ိမာနအဋ္ဌကထာ)
Tuesday, July 5, 2016
တရားပွဲဖြစ်မြောက်ရေး အတွက် အလုပ်အမှုဆောင်များ ၏ ဒုတိယအကြိမ် ခေါ်ယူအစည်းအဝေး
၁၃၇၈ ခုနှစ် ၊ နယုန်လပြည့်ကျော် ( ၃ ) ရက် ၊ ၃ - ၇ - ၂၀၁၆ ( တနင်္ဂနွေနေ့ )
ညနေ ၄း ၁၅ နာရီ အချိန် တွင် ရန်ကုန်တိုင်ဒေသကြီး ၊ ဗိုလ်တထောင်မြို့နယ် ၊ အမှတ် ( ၆ ) ရပ်ကွက် ပီတိမြင့်မို၇်လူမှုအားပေးကူညီမှုမိသားစု မှ ကြီးမှူးကျင်းပမည့်
၄၄ လမ်း ( အောက်လမ်း ) လမ်းသူ လမ်းသားများ၏
ဓမ္မပူဇာသဘင်ဖြစ်မြောက်အောင်မြင်ရေးအတွက် ဒုတိယအကြိမ်အဖြစ်
အလုပ်အမှုဆောင်များ ၏ ခေါ်ယူအစည်းအဝေး ကို ဗုဒ္ဓ၀ိဟာရဓမ္မာရုံ တွင် ကျင်းပခဲ့ပါသည်။
ဗုဒ္ဓ၀ိဟာရဓမ္မာရုံ ဗုဒ္ဓပူဇနိယပွဲတော် ဓမ္မဒါန ဓမ္မပူဇာသဘင် ကျင်းပရန် အတည်ပြုခြင်း
၎င်းအလုပ်အမှုဆောင်များ ခေါ်ယူအစည်းအဝေး ၌ တရားပွဲကျင်းပမည့်ရက်ကို
၁၃၇၈ ခုနှစ် ၊ နတ်တော်လဆန်း ( ၁၀ ) ရက် ၊ ၉ - ၁၂ - ၂၀၁၆ ( သောကြာနေ့ )
၁၃၇၈ ခုနှစ် ၊ နတ်တော်လဆန်း ( ၁၁ ) ရက် ၊ ၁၀ - ၁၂ - ၂၀၁၆ ( စနေနေ့ )
၁၃၇၈ ခုနှစ် ၊ နတ်တော်လဆန်း ( ၁၂ ) ရက် ၊ ၁၁ - ၁၂ -၂၀၁၆ ( တနင်္ဂနေနေ့ )
ဒီဇင်ဘာလ ( ၉ ) ရက် မှ ဒီဇင်ဘာလ ( ၁၁ ) ရက်အထိ
( ၃ ) ည တိုင်တိုင်ကျင်းပနိုင်ရန် အစည်းအဝေးတွင်အတည်ပြုခြင်း
တရားပွဲဖြစ်မြောက်ရေးအတွက် ဆရာတော်များပင့်ဖိတ်ရန်ဆုံးဖြတ်ကြပါသည်။
၎င်းအစည်းအဝေး သို့
ဦးကျော် ( နာယက )
ဦးမောင်မောင်အေး ( ခ ) ဦးဝမ်း ( နာယက )
ဦးသက်နိုင်ဝင်း ( ဥက္ကဋ္ဌ )
ဦးကြည်ဇင် ( ဒု / ဥက္ကဋ္ဌ )
ဦးမျိုးဇော် ( အတွင်းရေးမှူး )
ဦးမောင်မောင်အောင် ( တွဲဖက် / အတွင်းရေးမှူး )
ဦးခင်သန်း ( ဘဏ္ဍာရေးမှူး )
တို့မှ တက်ရောက်ခဲ့ပါကြောင်း အသိပေးအပ်ပါသည်။
အစည်းအဝေး ကို ညနေ ၅း ၀၀ နာရီ တွင်ရုပ်သိမ်းခဲ့ပါသည်။
တရားပွဲဖြစ်မြောက်ရေး -( ဥက္ကဋ္ဌ )
ဦးသက်နိုင်ဝင်း
Subscribe to:
Posts (Atom)